Shin Khant Maung
banner
shinkhantmaung.bsky.social
Shin Khant Maung
@shinkhantmaung.bsky.social
a web developer from Burma who loves contributing to Wikipedia and spotting trains

Find me: bento.me/shinkhantmaung
Pinned
I just published a customizable postage stamp template on #Figma community with three shapes (vertical, square, and horizontal) and support for #English and #Burmese.

Check it out here:
www.figma.com/community/fi...
Postage Stamp Template | Figma
Create stunning postage stamp designs effortlessly with this fully customizable Figma template! This template features reusable components with three stamp shapes: vertical, square, and horizontal. It...
www.figma.com
ဒီနေ့ဆို စင်္ကာပူနိုင်ငံတည်ထောင် နှစ်၆၀ပြည့်ပါပြီ။ ဘာသယံဇာတမှမထွက်လို့ လီကွမ်ယုတောင် မျက်ရည်ကျခဲ့ရတဲ့ ကျွန်းနိုင်ငံငယ်လေးကနေ ခုလိုတိုးတက်သွားတာ ဝမ်းမြောက်စရာပါ။

Singapore Pie သီချင်းထဲမှာတောင် အဲ့တုန်းက မယုံလို့ စင်္ကာပူကနေ စွန့်ခွာကြသူတွေတောင်ရှိတယ်တဲ့။

"那時候沒人相信新加坡牌
還有人移民海外"

ကိုယ်တွေနိုင်ငံက သယံဇာတွေရှိနေတာကြောင့်ပဲ ခုလိုတွေ ဖြစ်နေရတာလားဆိုပြီး တခါတရံစဉ်းစားမိတယ်။

youtube.com/watch?v=6IRK...
新加坡派 Singapore 'Pie' 演唱:梁文福;作词:梁文福;作曲: 梁文福;编曲: 陈志群【新谣经典】
YouTube video by 真愛音樂Music-Love-Peace-Joy
youtube.com
August 9, 2025 at 1:38 PM
သူငယ်ချင်း‌တွေနဲ့ ဆုံချင်‌ရင် အရင်လို ဆိုင်မှာ ချိန်းလို့ မရတော့ဘူး။

ခုတော့ စကားပြောဖို့တောင် နာရီအရင်ပြေးကြည့်ရတဲ့ အဖြစ်ပါ။ အရင်လို အေးအေးဆေးဆေး ပြန်ဆုံချင်နေပါပြီ။
July 30, 2025 at 11:37 AM
ကိုယ်တွေလည်း မြန်မာစာကို ကျွမ်းကျင်တဲ့ အဆင့်ထဲမှာလည်း မပါပါဘူး။ သွေးနှောဆိုတော့ စကားပါ မပီဘူး။ မူးနေရင်တောင်မှ စာလုံးပေါင်းမှန်အောင် ပေါင်းပါတယ်။

ဒါပေမယ့် ဖြစ်သလိုရေး‌နေကျတာ မြင်နေရတာတော့ အဆင်မပြေဘူး ကိုယ့်လူတို့ရေ။
July 23, 2025 at 5:57 AM
ဘာလို့ မြန်မာပြည်မှာက ခရီးတိုဆိုရင် RBE ရထားနဲ့မကြိုက်ကြပဲ ရိုးရိုး AARတွဲကိုပဲ ကြိုက်ကြတာလဲဆိုတာ နားမလည်နိုင်ဘူး။

အမှန်ဆို သူက ပိုကောင်းတာမဟုတ်ဘူးလား။
July 23, 2025 at 4:57 AM
အဲ့လိုမျိုး App တစ်ခုတော့တွေတယ်။ X, Thread နဲ့ Bluesky ကိုတစ်ခုတည်းကနေပဲ သုံးလို့ရတယ်။

ဒါပေမယ့် X ရဲ့ API က free မဟုတ်တော့ changes ကရှိနေပြန်ရော။
တစ်ခါတလေ App တွေကို တစ်ခုတည်းကနေပဲ သုံးချင်တော့တယ်။

X, Thread, Bluesky, Mastodon တွေက same feature ပဲကိုလေနော်။
July 20, 2025 at 9:25 AM
တစ်ခါတလေ App တွေကို တစ်ခုတည်းကနေပဲ သုံးချင်တော့တယ်။

X, Thread, Bluesky, Mastodon တွေက same feature ပဲကိုလေနော်။
July 20, 2025 at 9:24 AM
အပြင်မှာ ဘယ်လောက်ခင်ခင် လုပ်ငန်းခွင်ရောက်ပြီဆိုတာနဲ့ အသက်အရွယ်/ လုပ်သက်နဲ့မဆိုင်ပဲ

နာမည်ကို ကို/မ တပ်ခေါ်ရတာက လုပ်ငန်းခွင်မှာထားရှိရမည့် စံနှုန်းလို့ပဲ လက်ခံထားတယ်။

မဟုတ်ရင် discriminate အလုပ်ခံရသလိုမျိုးကြီးပဲ။
July 18, 2025 at 4:09 AM
ဗီယက်နမ်သွားပြီး Hanoi ~ Ho Chi Minh City Sleeper ရထားသွားစီးချင်တယ်။ နာရီ၃၀ကျော်တော့ စီးရမှာ။

တိုက်ရိုက် flight ကဈေးများမည့် အတူတူ ထိုင်း transit စီးရင်ကောင်းမလားပဲ။

ထိုင်းမှာက ချင်းမိုင် ရထားစီးရမယ်။ S.E ရထားခက လေယာဉ်လက်မှတ်ထပ်ဈေးများရောပဲ။ 😵‍💫
July 17, 2025 at 6:13 AM
အရင်လိုဆိုရင် ပိုက်ဆံလေး ၂သိန်းနဲ့လည်း ဘန်ကောက် ထထွက်သွားလို့ရတာပဲ။ ခုတော့များ 🤧
July 17, 2025 at 6:01 AM
Tokyo Metro-မြေအောက်ရထားကို ဘယ်လိုပြေးဆွဲပါသလဲ?

ဒီတခေါက်မှာတော့ NHK က မီးရထားရုံးချုပ်မှာ ပထမဆုံးအကြိမ်ရိုက်ကူးခွင့် ရရှိခဲ့ပါတယ်။

www3.nhk.or.jp/nhkworld/my/...
www3.nhk.or.jp
July 5, 2025 at 2:43 AM
တခါတလေကျတော့လည်း မြန်မာစာက အတော်ခက်တာပဲ။

ကိုယ်က အဓိပ္ပာယ်တစ်မျိုးနဲ့ပြောလိုက်ပေမယ့် အခြားသူက တစ်မျိုးထင်သွားနိုင်တယ်။
July 3, 2025 at 3:50 PM
ဒီနေ့တစ်နေကုန် ဘာဖြစ်နေလဲမသိပါဘူး။

စိတ်နဲ့လူနဲ့ မကပ်ဘူး။ စိတ်ထဲမှာက တစ်မျိုး ပြောမိလိုက်တာက တစ်မျိုးနဲ့ စကားတွေမှားပြောမိကုန်ရော။ မနက်မှ လိုက်ပြီး တောင်းပန်ရပါမယ်။
July 3, 2025 at 3:49 PM
အရင်တုန်းက ဗီဒီယိုတွေကို 4K နဲ့မရိုက်မိတာ နောင်တတော့ ရသား။ သူက နေရာယူပေမယ့်လို့ 16:9 ဖြစ်ဖြစ်၊ 9:16 ဖြစ်ဖြစ်‌လုပ်ရင် resolution မကျသွားဘူး။ အဆင်ပြေတယ်။
July 3, 2025 at 10:16 AM
နေချင်တာကတော့ ရှမ်းပြည်တောင်ပိုင်းမှာ ခြံလေးတစ်ခြံဝယ်ပြီး slow life နဲ့ပေါ့။

ဒါပေမဲ့ ဘီယာနဲ့မြည်းဖို့ဆိုပြီး ရုံးပတေသီးပင်စိုက်တာ နှစ်ခါရှိပြီ မအောင်မြင်နိုင်သေးဘူး ကိုယ့်လူရယ် 😂
June 23, 2025 at 6:58 AM
system တစ်ခုတည်ဆောက်ရတယ်ဆိုတာက အလုပ်တွေ လွယ်လွယ်ကူကူနဲ့ ပြီးမြောက်အောင် အသုံးချဖို့လေ။

ခုတော့ system ကြီးလုပ်ပြီး အရင်တိုင်း paper work တွေနဲ့သွားနေတော့ ဘာလုပ်ရမှာလဲကွယ်။ တစ်ခုခုတော့ မှားနေပြီ။
June 23, 2025 at 6:22 AM
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေပြီ။ 😵‍💫
June 18, 2025 at 3:41 PM
World War cup 2025 ?

Group A
-Russia
-Ukraine
-Iran
-Israel
June 17, 2025 at 2:48 AM
မနေ့တုန်းက အမေရိကန် နှစ်၂၅၀ပြည့် စစ်ရေးချီတက်ပွဲ ကြည့်လိုက်မိတယ်။ အမှန်ဆို နှစ်ပေါင်း(၃၀)ကျော်မှ ဘတ်ဂျက်အတော်သုံးထားပြီး ပြန်လုပ်ဖြစ်တာ ခုထက်ပိုကောင်းသင့်တယ်ထင်တာပဲ။

ခုတော့ စင်ကာပူ NDP လောက်တောင် စိတ်ဝင်စားဖို့ မကောင်းသလိုပဲ။

တရုတ်လည်း လာမည့် ‌၁၀လပိုင်း နိုင်ငံတော်တည်‌ထောင်ခြင်းနေ့ကျရင် လုပ်ဖို့ရှိနေပါတယ်။ စရိတ်ကြီးတော့ ၅နှစ်မှ တကြိမ်လုပ်တာပါ။ ဒီနှစ်လည်း ထူးခြားဦးမယ် ထင်တာပါပဲလေ။
June 16, 2025 at 9:18 AM
ဒီရက်ပိုင်း တုပ်ကွေးမိနေတာ၊ ဆရာဝန်ပေးတဲ့ဆေးမှာ အိပ်ဆေးပါတော့ လူက အလုပ်လုပ်နေပေမဲ့ မျက်လုံးကမဖွင့်၊ စိတ်ကလည်း တစ်ခြားရောက်နေရော။

ဒါပေမဲ့ ထူးဆန်းတာက တစ်ပတ်စာအလုပ်ကို သုံးရက်နဲ့တင် ပြီးသွားတာပဲ။ 😵‍💫
June 14, 2025 at 3:31 AM
တစ်နှစ်ကျော်ကြာမှ ဝီကီမှာ ဆောင်းပါးတစ်ပုဒ်ပြန်ရေးဖြစ်တယ်။ အရင်လိုလည်း active မဖြစ်တော့တာ ကြာပါပြီ။ VPN တွေနဲ့က တိုင်ပတ်တာကို။

ဘာဖြစ်ဖြစ် မြန်မာမီးရထားနဲ့ပတ်သတ်တဲ့ ဆောင်းပါးတွေ မြန်မာပိုင်းရော အင်္ဂလိပ်ပိုင်းရောမှာ အတော်ရေးနိုင်ခဲ့တယ်ထင်တာပါပဲ။ ဒါပေမယ့် အသေးစိတ်ပြန်ရေးဖို့တော့ လိုသေးတယ်။
June 12, 2025 at 4:30 AM
iOS က ဖန်သား ဒီဇိုင်းနဲ့ထွက်လာတယ်ဆိုတော့ ဘာတွေ အသစ်ထွက်လာဖို့ ရှိလို့ပါလိမ့်?
a cartoon of spongebob holding a pencil and writing on a piece of paper
ALT: a cartoon of spongebob holding a pencil and writing on a piece of paper
media.tenor.com
June 12, 2025 at 4:23 AM