ထက်အောင်လင်း
banner
htetaunglynn.bsky.social
ထက်အောင်လင်း
@htetaunglynn.bsky.social
ကျွန်တော်တို့ လမ်းချင်းတူရင်
လူချင်းတွေ့မှာပါ
#မောင်ချောနွယ်
စင်တင်က ဂီတတွေမလာခင် ဇာတိမြို့လေးက တက္ကသိုလ်တခုဆီကိုအရောက်ပြန်မယ်
ပါဆယ်ထုတ်လာတဲ့ ဘီယာတွေသောက်ရင်း
ပါလာတဲ့ Bluetooth box လေးနဲ့ သီချင်းတပုဒ်ကို
Repeat နဲ့ပဲဖွင့်ထားမယ်။

အဲ့ဒီမှာကြာလာရင် အရင်က အဆောင်ဆိုပေမယ့်
အခုတော့ ဈေးဆိုင်လုပ်ထားတဲ့ဆိုင်ကိုသွားမယ်
ဆေးလိပ်တဗူး၀ယ်မယ် အရင်က ဒီဆိုင်ရှေ့မှာ ဂစ်တာလာတီးဖူးတယ်လို့ ပြောမယ်။

ပြီးရင် အင်းလျားဆောင်ကိုပြန်အိပ်မယ်
နောက်တရက်ကို တော‌က်လျှောက် ကားမောင်းပြီးပြန်မယ်။

မှတ်ချက် ဇာတိမြို့အ၀င်က တံတားထိပ်မှာတော့ ခဏရပ်ဖြစ်မယ်ထင်ပါတယ်
December 7, 2024 at 1:42 PM
အခွင်ကြုံလို့ လမ်းကြုံရင် အချိန်ပေးပြီး
ကြိုက်တက်တဲ့ Bread Talk ကမုန့်တွေ၀ယ်မယ်

အဲ့ဒီမြို့လေးက ဆိုင်တဆိုင်မှာထားခဲ့မယ်
အဲ့ဒီဆိုင်က ရေခဲမုန့်တခွက်လဲ၀ယ်ခဲ့မယ်

ရေခဲမုန့်တခွက်ကို ကားပေါ်မှာကနေစားရင်းကြည့်မယ်
တွေ့လိုတွေ့ငြားပေါ့ တွေ့လဲ ခပ်ဝေးဝေးကနေ
မမြင်အောင်ပြုံးပြမယ်

မတွေ့ရင်လဲ ပြန်မယ်
အပြန်မှာ အဲ့ဒီမြို့အ၀င်တံတားနားက ဘီယာဆိုင်တဆိုင်မှာ ဘီယာသောက်ဖြစ်မယ် ငါးရှဥ့်ခြောက်စပ်ကို အစပ်လျှော့ခိုင်းမယ်။
December 7, 2024 at 1:41 PM
တနေ့နေ့ပေါ့
December 6, 2024 at 4:18 PM